ဂျာမနီမှာ ကျောင်းတက်ခြင်း

ဂျာမနီမှာ ကျောင်းတက်ခြင်း

ဂျာမနီနိုင်ငံကို နိုင်ငံတကာကလူငယ်လူလတ်ပိုင်းကနေ တချို့ အသက် ၄၀ ကျော်တွေအထိ စာသင်ကြားဖို့အတွက် ဦးစားပေးရွေးချယ်ကြတဲ့အကြောင်းလေးပြောချင်ပါတယ်

 အားလုံးသိကြတဲ့အတိုင်း ဂျာမနီနိုင်ငံဟာ လက်ရှိမှာတော့ ဥရောပတိုက်ရဲ့ စက်မှုအင်အားအတောင့်တင်းဆုံးနိုင်ငံတခုဖြစ်နေပါတယ်။ ပညာရှာမှီးချင်သူများကိုစွဲဆောင်နေတဲ့ ထင်ရှားတဲ့အကြောင်းရင်းတခုကတော့ ကျောင်းအများစုရဲ့ ဘာသာရပ်တွေကို သင်ကြားစရိတ်ကောက်ခံထားခြင်းမရှိတာပါပဲ။ ဒါ့အပြင် နည်းပညာ သုတေသနနဲ့ သင်ကြားမှုအဆင့်အတန်းတွေမှာ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသလို Ranking မြင့်မားတာကြောင့်လဲဖြစ်ပါတယ်။ ဟိုးအရင်နှစ်တွေမှာ ဂျာမနီနိုင်ငံသားတွေကိုပဲ ကျောင်းတက်စရိတ် (Tuition Fee)တွေ ကင်းလွတ်ခွင့်ပေးခဲ့ပေမယ့် ပြည်သူတွေရဲ့ ထောက်ခံမဲပေးမှုတွေကြောင့် နောက်ပိုင်းမှာ နိုင်ငံတကာကျောင်းသားတွေကိုပါ ကျောင်းစရိတ်မပေးရပဲ ပညာသင်ကြားနိုင်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

သိသာထင်ရှားပေမယ့် အခြားအကြောင်းတွေလဲရှိပါသေးတယ်။

 

  • အောက်မှာဖော်ပြထားတဲ့အချက်လေးတွေ ခဏလောက်ကြည့်ရအောင်..
  1. Germany Student Visa ရဲ့ အားသာချက်

    ဥရောပနိုင်ငံများကမဟုတ်တဲ့ အာရှနိုင်ငံသား တောင်အမေရိက တောင်အာဖရိကနိုင်ငံသားတွေအတွက် Student Visa လျှောက်ဖို့လိုအပ်ပါတယ်။ Visa Fee 70 Euro ခန့်ပေးသွင်းပီးရင် လိုအပ်တဲ့အချက်အလက်များနဲ့တကွ သက်ဆိုင်ရာဂျာမဏီသံရုံးမှာကိုယ်တိုင် လျှောက်လို့ရပါတယ်။ ကျောင်းသားတွေအတွက် Student Visa သက်တမ်း ၂ နှစ်ရရှိပီးရင်တော့ Schengen area နိုင်ငံများဖြစ်တဲ့ နိုင်ငံ ၂၆ နိုင်ငံကို အစစ်အဆေးမရှိပဲ ဝင်ထွက်သွားလာနိုင်မှာဖြစ်ပါတယ်။ ဥရောပအနှံ့ ခရီးတွေထွက်ပီး ခြေဆန့်လို့ရပီပေါ့နော်

     နိုင်ငံ ၂၆ နိုင်ငံကတော့ Germany, Austria, Belgium, the Czech Republic, Denmark, Estonia, Finland, France, Greece, Hungary, Iceland, Italy, Latvia, Liechtenstein, Lithuania, Luxembourg, Malta, the Netherlands, Norway, Poland, Portugal, Slovakia, Slovenia, Spain, Sweden and Switzerland တို့ဖြစ်ပါတယ်။ အကောင်းဆုံးအခွင့်အရေးတခုကတော့ ကျောင်းတက်ပီးလို့ဘွဲ့ရပီးသူများဟာ နောက်ထပ်နေထိုင်ခွင့် ၁၈ လအထိ အစိုးရကပေးအပ်ထားပါတယ်။ ၁၈ လဆိုတာ ကျောင်းပီးလို့ အလုပ်ရှာချင်သူများအတွက် လိုတာထက်ပိုရတဲ့ နေထိုင်ခွင့်လို့တောင်ပြောနိုင်ပါတယ်။

  2. ကျောင်းစရိတ် နည်းပါးခြင်းနှင့် ကျောင်းစရိတ်မပေးရခြင်း

    ဒီတချက်ကတော့ ဩစီ စင်္ကာပူ အင်္ဂလန်နဲ့ အမေရိကနိုင်ငံများမှာ ကျောင်းသွားတက်သူများလောက် ကုန်ကျမှုမရှိတဲ့အချက်ပါ။ Baden-Württemberg ဆိုတဲ့ပြည်နယ်တချို့ကလွဲရင် ကျန်ပြည်နယ်အားလုံးရဲ့ ပညာသင်စရိတ်ဟာ အခမဲ့ဖြစ်ပါတယ်။ Baden-Württemberg ပြည်နယ်အတွင်းက ကျောင်းတွေတက်ချင်တယ်ဆိုရင်လဲ စာသင်နှစ် Semester တခုကို ၁၅၀၀ ယူရိုသာ ပေးသွင်းရမှာပါ။ ဂျာမဏီနိုင်ငံရဲ့ ကျောင်းများအားလုံးရဲ့ ၁၀ ရာနှုန်းကသာ ပုဂ္ဂလိကကျောင်းများဖြစ်တဲ့အတွက် အစိုးရပညာရေးကိုပဲ ပြည်သူတွေက အားပြုတဲ့စနစ်မှန်း မြင်တွေ့နိုင်ပါတယ်။ ကျောင်းအားလုံးဟာ အရည်သွေးတန်းတူနီးပါး ရှိကြတဲ့အတွက် နာမည်ကြီးတဲ့ကျောင်းကိုရွေးချယ်ကြတဲ့အလေ့အထမျိုး ဂျာမဏီမှာမရှိကြပါဘူး။ ဒါကိုမှ စကော်လားရှစ်ထောက်ပံ့ကြေးရယူချင်သေးတယ်ဆိုရင် DAAD လိုအဖွဲ့အစည်းများကနေတဆင့် လျှောက်ထားနိုင်ပါသေးတယ်။
  3. နေထိုင်စားသောက်စရိတ် Living Cost အကုန်အကျ သက်သာခြင်း

    တခြား ဥရောပနိုင်ငံကြီးများနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဂျာမဏီဟာနေထိုင်စရိတ် သက်သာတဲ့နိုင်ငံလို့ဆိုနိုင်ပါတယ်။ ဥပမာပေးရရင် စင်္ကာပူနိုင်ငံမှာ နေထိုင်စားသောက်လို့ကုန်ကျတာနဲ့ သိသိသာသာကွာခြားမှုမရှိပါဘူး။ တခုရှိတာကတော့ ကျောင်းတက်မယ့်သူတွေအတွက် အစိုးရကထုတ်ပြန်ထားတဲ့ လစဉ်စားရိတ် ၈၆၁ ယူရိုကို ကြိုတင်သွင်းထားရမှာြဖစ်ပီး ဒီထဲကနေကိုယ့်ရဲ့ နေစရိတ်စားစရိတ်တွေသုံးစွဲပီးနောက် ပိုငွေကိုပြန်ရမှာဖြစ်ပါတယ်။ ၂၀၂၁ မှာ ဂျာမနီ နိုင်ငံ အစိုးရက ကျောင်းသား တစ်ယောက်အသုံးစရိတ်ကို တစ်လ အနည်းဆုံး ၈၆၁€ လိုအပ်နိုင်တယ်လို့ တရားဝင်သတ်မှတ်ထားတာကြောင့်ဖြစ်ပါတယ်။ ၂၀၂၃ မှာတော့ တနှစ်ကို ၁၁,၂၀၈ ယူရိုကုန်ကျမယ်ဆိုပီး သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ဂျာမနီ ဗီဇာမလျှောက်ခင် ကျောင်း offer ရတာနဲ့ တစ်နှစ်စာ အသုံးစရိတ်လိုအပ်ငွေ ၁၁၂၀၈€ (၉၃၄ € x ၁၂ ) ကို ဂျာမန် ဘဏ်အကောင့် (blocked account/ Sperrkonto) မှာ သွင်းပြီး ပြရပါတယ်။ ဂျာမနီ ရောက်တဲ့ အချိန်မှာ Current account/ Girokonto ဖွင့်ပြီး အဲဒီထဲကို blocked account ကနေ လစဉ်လတိုင်း ၉၃၄€ ပြန်လွှဲပေးမှာဖြစ်ပါတယ်။

  4. Part Time အချိန်ပိုင်းအလုပ်ရရှိခြင်း

    ကျောင်းသားတွေတွက် တစ်ပါတ်မှာ အများဆုံး နာရီ ၂၀ နဲ့ တစ်နှစ်မှာ အချိန်ပြည့် ရက်ပေါင်း ၁၂၀ (သို့မဟုတ်) အချိန်ပိုင်း ရက်ပေါင်း ၂၄၀ လုပ်ခွင့်ပေးထားပါတယ်။ ( minimum hourly wage : 12 € per hour as of 2023 January )။ အိပ်ခန်းခ အကြမ်းဖြင်း ၃၈၀ လောက်ပေးရမယ်ဆိုရင် အချိန်ပိုင်းအလုပ်ကနေ ရလာမယ့် ဝင်ငွေကနေ ကျန်ငွေရှိနိုင်ပါတယ်။ ကျောင်းတက်ရင်း internship လျှောက်တာမျိုးတွေလဲ ရှိတဲ့အတွက် အဲ့ဒီကနေဝင်ငွေကြပါတယ်။ ၂၀၂၃ ရဲ့နောက်ဆုံးထုတ်ပြန်မှုအသစ်အရ ကျောင်းပြီးသည်ထိမတက်နိုင်ပဲ အခက်အခဲရှိသူများကို အစိုးရကကူညီဆောင်ရွက်ပေးတဲ့အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ အထူးခြားဆုံးက ဘွဲ့မရသေးခင်မှာ အလုပ်တခုခုချိတ်ဆက်နိုင်ခဲ့တယ်ဆိုရင်လဲ ကျောင်းဆက်မတက်ပဲ နေထိုင်ခွင့်ပါမစ်ကို အလွယ်တကူပြောင်းလဲခွင့်ပေးပါတယ်။ ဒီတချက်ကတော့ ဟိုအရင်နှစ်တွေမှာ မရှိခဲ့ပဲ ၂၀၂၁ မှာ စတင်ပြဌာန်းလိုက်တာဖြစ်ပါတယ်။

 ဂျာမဏီကိုစိတ်ဝင်စားပီး ကျောင်းတက်ဖို့ပြင်ဆင်ချင်သူများ အသေးစိတ်သိလိုသူများအနေနဲ့ admin@germanyforstudy.com ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ် 

 

Buy Me a Coffee

More
articles