The Wisdom of Crowds

The Wisdom of Crowds

 အင်္ဂလန်က ပလိုင်းမောင့်မြို့မှာ နွားရဲ့အသားအလေးချိန်ကို နွားကိုမပေါ်ခင် အနီးစပ်ဆုံးခန့်မှန်းပီး ဆုကြေးယူကြတဲ့ ဓလေ့တခုရှိတယ်။ သားသတ်သမားတွေအပြင် တခြားပြင်ပကလူတွေပါ တယောက်နဲ့တယောက်မညှိနှိုင်းခိုင်းပဲ ကိုယ်ထင်တဲ့အလေးချိန်ကို မဲစာရွက်မှာရေးခြစ်ကြရတယ်။ Francis Galton ဆိုတဲ့သူက စမ်းသပ်မှုတခု လုပ်ချင်တဲ့အတွက် မဲစာရွက်တွေကို ဒိုင်ဆီကယူပီး ရေတွက်တယ်။ လူတွေရဲ့ အဖြေပေါင်း ၇ဝဝ ကျော်မှာ အဖြေမတူတာတွေအကုန် တွက်ချက်ကြည့်တော့ ပျမ်းမျှရလဒ်ဟာ အဖြေမှန်နဲ့ အနီးစပ်ဆုံးတူနေတာသွားတွေ့တယ်။ တကယ်တမ်း သားသတ်သမားအချို့ဟာ နွားကိုကြည့်လိုက်ရုံနဲ့ အသားအလေးချိန်ကိုအနီးစပ်ဆုံးမှန်းနိုင်တဲ့အထိကို တော်တယ်။ သို့သော် သူတို့ရဲ့ အနီးစပ်ဆုံးအဖြေထက် အားလုံးရဲ့ ပျမ်းမျှအဖြေက ပိုနီးစပ်နေတာ တွေ့ရတယ်။

Wisdom of crowd အဓိကထားပြောချင်တဲ့ အချက်က ဒါပဲ
 
တဦးချင်းစီဟာ တခြားသူတယောက်ယောက်ဆီက အဖြေခန့်မှန်းဖို့ အကြံယူခြင်း လွှမ်းမိုးခြင်းမျိုး ဒီပွဲတွေမှာလုပ်လေ့လုပ်ထမရှိခြင်းက အဖြေမှန်ရဖို့ အဓိကသော့ချက်ဆိုတာ သတိထားမိခဲ့ကြတယ်
ဒီကနေ နောက်ပိုင်းမှာ ထည့်သွင်းစဉ်းစာစရာအချက်လေးခုကိုတွေ့လာကြတယ်။ ကွဲပြားတဲ့အတွေးအခေါ် မတူညီတဲ့ အမြင်ရှိတဲ့ လူတွေကိုပေါင်းစပ်နိုင်ခြင်း၊ လူတဦးချင်းစီဟာ တခြားသူရဲ့လွှမ်းမိုးမှုမရှိပဲ သီးခြားတွေးခေါ်ဆုံးဖြတ်ခွင့်ရှိခြင်း၊ တဦးချင်းစီကနေ အဖြစ်တန်ဆုံး အဖြေရှာမှုရလဒ်တွေကို ထည့်သွင်းစဉ်းစားခြင်း နဲ့ နောက်ဆုံး Aggregation စနစ်အတိုင်း အဖြေကို ထပ်ခါထပ်ခါ မွမ်းမံရင်း ဖြစ်တန်ချေပိုများတာနဲ့ အစားထိုးသွားနိုင်ခြင်းတွေဟာ အဖြေမှန်ကိုရဖို့အဖွဲ့အစည်းတခုရဲ့ လိုအပ်ချက်တွေအဖြစ်ရေးထားတယ်။ ကြီးမားတဲ့ ဆုံးဖြတ်ချက်အတွက်အဖြေရှာရင် ဒီအခြေအနေလေးခု ဖန်တီးပေးမှ အမှန်ကန်ဆုံး Collective Decision ရနိုင်တယ်
တိုင်းပြည်ရဲ့ ပြသနာတွေမှာလဲ Wisdom of crowd ကိုအားထားဖို့ ဆိုထားတယ်။ သို့သော် Crowd ဆိုတာ ကလေးဦးနှောက်တွေ မပါဖို့လိုသလို အဖွဲ့အကြီးတွေရဲ့ အတွေးအခေါ်အချက်အလက်တွေမှာ လွယ်လွယ်ကူကူ စေးကပ်တတ်တဲ့ အဖွဲ့ငယ်တွေများရင်လဲ အလုပ်မဖြစ်ပြန်ဘူး။ ပြဿနာတခုကို ပန်းချီကားတချပ်လို အရောင်စုံ ပုံပေါ်လာအောင် စုတ်တံတချက်စီ ထည့်သွင်းပေးနိုင်တဲ့ Independent and smart တွေလိုအပ်တဲ့အကြောင်း ရေးထားတယ်
 
Republic ရဲ့အရေးပါပုံကို Google Search Engine နဲ့ နှိုင်းယှဉ်ထားတယ်။ Google ဟာ လိုချင်တဲ့ရလဒ်ကို အမှန်ကန်ဆုံးနဲ့ အချိန်တိုအတွင်းရှာပေးတယ်။ Page Rank Algorithm နည်းနဲ့အဖြေထုတ်တယ်။ ရှာချင်တဲ့စကားလုံးပါဝင်တဲ့ စာမျက်နာတွေဟာ စကားလုံးအကြိမ်များများပါဝင်ခြင်း အခြား Website တွေနဲ့ ချိတ်ဆက်မှုများခြင်းကနေ ရလဒ်နည်းတဲ့ကပ်ရပ်အဖြေတိုင်းရဲ့အပေါ်မှာ အကောင်းဆုံးရလဒ်က နေရာပြန်ယူရတယ်။ ကွဲပြားတဲ့ အချက်အလက်ရင်းမြစ်တွေကို အများဆုံးချိတ်ဆက်ထားနိုင်ရင် Perfect Democracy ထက် Republic ကအားသာတယ်လို့ ဆိုတယ်
 
အရေးကြီးတာက Information cascades ကနေ Decision cascade ဖြစ်တဲ့ကိစ္စ
 
Social Media ကို ဥပမာယူရင် လူအများစုအဖြေလိုချင်တဲ့ အကြောင်းအရာတွေမှာ ပိုနံ့စပ်တဲ့ Maven လို့ခေါ်တဲ့ သူတွေ Influencer တဖြစ်လဲ Connector တွေရဲ့နောက်ကနေ Sequence လိုလိုက်ပီး စဉ်းစားဆုံးဖြတ်သူတွေများလာကြတယ်။ ကိုယ်သိထားတဲ့အချက်ပေါ်မူတည်ပီး စဉ်းစားဆုံးဖြတ်တာထက် ရှေ့လူရဲ့စဉ်းးစားမှုကို အခြေတည်ပီးဆုံးဖြတ်တတ်တယ်။ ဥပမာ စားသောက်ဆိုင်တဆိုင်ကို ပထမဆုံးရောက်ပီး Review ကောင်းတယ်မကောင်းဘူးပေးတဲ့သူရဲ့အချက်အလက်က Cascade ( Epidermic) တခုဖြစ်သွားတဲ့အခါ မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ နောက်လူတော်တော်များများရဲ့ဆုံးဖြတ်ချက်ကို သက်ရောက်သွားတယ်
 
တဦးချင်းဆီမှာရှိနေတဲ့ မတူညီတဲ့အချက်အလက်တွေက အဖြေတခုအတွက် ပါဝင်သက်ရောက်နိုင်ခြင်းမရှိရင် ရလဒ်ဟာ အလိုလိုညံ့မှာပဲ။ လူတချို့ရဲ့ တွေးခေါ်မှုတွေမှားယွင်းနေရင်တောင် အချက်အလက်တခုအနေနဲ့ယူပီး ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်။ ဒါကြောင့်တချို့အဖွဲ့အစည်းတွေမှာ Diversity ဖြစ်အောင် နယ်ပယ်စုံ အသိဥာဏ်စုံကို ထည့်သွင်းထားပီးရလဒ်ကို ထက်မြက်တဲ့သူရဲ့ အတွေးအခေါ်နဲ့ပြန်တိုက်စစ်ပီးအဖြေထုတ်တယ်။ လုပ်သင့်တဲ့အချက်က အဖွဲ့အစည်းထဲကလူတဦးချင်းဟာ တခြားသူရဲ့တွေးခေါ်စဉ်းစားပုံကို အရင်ဆုံး ဂရုစိုက်မနေဖို့လိုတယ်။ Democratic Elite ထက် Technocratic Elite တွေဟာပိုပီးကောင်းတဲ့ Impact တွေပေးနိုင်တယ်ဆိုတာပြောထားတယ်။ (တချို့သက်ဆိုင်ရာ နယ်ပယ်မှာထူးချွန်ပီးမှ နိုင်ငံရေးထဲဝင်လာတဲ့သူတွေကို ဆိုလိုတယ်)
 
ဥပမာတွေများတဲ့အတွက် ဖတ်ရတာ နားလည်လွယ်ပါတယ်
 

Buy Me a Coffee

More
articles