အမေရိကန်အားသာချက်
✅ကောင်းမွန်သောဝန်ဆောင်မှု (Customer is always right)
✅ဖော်ရွေတဲ့လူများ
✅ပျမ်းမျှလစာ မြင့်မားခြင်း
✅မျိုးဆက်အများစုသည် နိုင်ငံခြားသားများဖြစ်သောကြောင့် ပေါင်းစပ်မှုချောမွေ့သည်။
အနုတ်လက္ခဏာများ
❌ရာဇ၀တ်မှုနှုန်းမြင့်မားခြင်း
❌Work-Life Balance မညီမျှသော အားလပ်ရက်။ တစ်နှစ်လျှင် ၁ ပတ် မှ ၂ ပတ်၊ အလုပ်ရက်သတ္တပတ် နာရီ ၆၀ အထက်
❌မြန်မာနိုင်ငံနှင့် အဝေးဆုံးခရီး
❌Education နှင့် Health Care ကုန်ကျမှုမြင့်မားခြင်း
❌US မှာ အပြိုင်အဆိုင်နေထိုင်နိုင်ဖို့ အလုပ်အများကြီးလုပ်နိုင်ဖို့လိုပါတယ်။ တစ်ပတ်လျှင် နာရီ ၆၀ အထက် အလုပ်ချိန်သည် ပုံမှန်ဖြစ်သည်။ သူများထက်ထူးခြားပီး တိုးတက်ချင်ရင် နာရီ ၈၀ အထက် အလုပ်လုပ်နိုင်ရပါမယ်။
ဂျာမနီ မှာတော့ Work-Life Balance က အရေးကြီးသည်
→ ဥပဒေအရခွင့်ပြုထားသော ၃ နှစ် မီးဖွားစရိတ်နှင့် ကလေးပိုက်ဆံ
→ ရက်ရှည်အားလပ်ရက် ၆ ပတ် (အမေရိကန်တွင် ၁ ပတ် မှ ၂ ပတ်)
→ ဖျားနာခွင့် ပေးချေခြင်း
→ Paid Leave
→ အလုပ်မရှိချိန် ထောက်ပံ့ကြေး
→ ဘယ်သူအပင်ပန်းဆုံးအလုပ်လုပ်နေလဲ ဆုံးဖြတ်နေသည့် Rat Race မရှိခြင်း
ဂျာမနီ သိသိသာသာကောင်းမွန်သောအချက်များ
→ Social benefits (insurance, unemployment, parental leave, vacation days, paid sick leave, workers rights, free education, etc.)
→ Visa for Germany သည် EU အနှံ့သွားလာနိုင်သည်
→ အများပြည်သူအတွက် ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ်
ဂျာမနီနဲ့ပတ်သက်ပီး နောက်ဆုံးအချက်အလက်များ ဘာသာစကားအခြေခံများကို အခမဲ့ ဒီလင့် https://t.me/+VLXQqYmE5TZlYzBl ကနေ တင်ပေးထားပါတယ်
မိမိနဲ့ကိုက်ညီတဲ့ နိုင်ငံကိုရွေးချယ် သွားရောက်နိုင်ကြပါစေ
ဂျာမနီမှ အမေရိကန်သို့ ပြောင်းရွှေ့သွားသူများနှင့် အမေရိကန်မှ ဂျာမနီသို့ ရွှေ့ပြောင်းသွားသူများ၏ ဖြစ်ရပ်မှန်များကို အခြေခံသည်