https://i.imgur.com/kIxQX91.jpg

Studienkolleg – ကြိုတင်ပြင်ဆင်ကောလိပ်

ဆရာတွေနဲ့ ကျောင်းသားတွေ လုပ်စရာတွေ အများကြီးရှိနေကြတယ်

ယခုမတိုင်မီတစ်နှစ်ခန့်ကနေ ဂျာမန်ဘာသာစကား ဒီပလိုမာကျောင်းများ (DSD ကျောင်းများ) ကို ကာဇက်စတန်နိုင်ငံမှာ စတင်ခဲ့ပါသည်။ ကျောင်းသားလေးဦးကတော့ Kazakhstan မြောက်ပိုင်းက Almaty ကဖြစ်ပြီး  ကျန်သူတွေက Nur-Sultan၊ Öskemen မှ ဖြစ်ကြသည်။

ဤဂျာမန်သင်တန်း၏ထူးခြားချက်တခုမှာ ဂျာမန်ဘာသာစကား ဒီပလိုမာအတွက် စာမေးပွဲဖြစ်သည်။ စာမေးပွဲလိုအပ်ချက်များနှင့် ကိုက်ညီပြီး ၎င်းတို့၏ ခန့်မှန်းခြေ နာရီ ၁၇၀၀ ထိ ကျောင်းစာသင်တန်းတွင် ပြသသင်ယူခဲ့သော DSD ကျောင်းမှ ကျောင်းသားများ အခမဲ့ ပါဝင်နိုင်သည်။ စာမေးပွဲ အဖြေလွှာစာရွက်များကို ဂျာမနီနိုင်ငံဆီ ရောက်ရှိလာပြီး  အမှတ်စစ်ပြင်ဆင်ပီးနောက် မူရင်းနေရာသို့ ပြန်ပို့ပေးသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် DSD ကျောင်းများမှ ကျောင်းသား ၅၉ ဦး ပါဝင်ခဲ့ပြီး သင်တန်းသား ၅၅ ဦး စာမေးပွဲအောင်မြင်ပြီး Level 2 ဂျာမန်ဘာသာစကား ဒီပလိုမာကို အဆင့် B2 သို့မဟုတ် C1 အောင်မြင်ရရှိခဲ့ပါသည်။

ဂျာမနီရှိ တက္ကသိုလ်ပညာရေးသည် များသောအားဖြင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်သည်

ထောက်ပံ့ကြေး Scholarship

 ပညာသင်ဆုများ Scholarship သည် အမှန်တကယ်တော့ ဂျာမနီတွင်မလိုအပ်ပါ။  ၎င်းတို့အား German Academic Exchange Service (DAAD) မှ အကောင်းဆုံး DSD ဘွဲ့ရများအား တစ်လလျှင် ယူရို ၃၀၀ မှ ၈၅၀ ပမာဏဖြင့် ချီးမြှင့်ခဲ့ကြသည် – ဆိုလိုသည်မှာ ဆယ်ရာခိုင်နှုန်းဝန်းကျင်တော့ ထောက်ပံ့ကြေးရနိုင်ကြသည်။

လျှောက်ထားသူများသည် အချို့သောအွန်လိုင်းစမ်းသပ်မှုလုပ်ထုံးလုပ်နည်းအတိုင်း ပါဝင်ယှဉ်ပြိုင်ရပြီး အင်တာဗျူးတွင်လဲ ဂျာမန်တက္ကသိုလ်များ၏ မေးခွန်းများကို ဖြေဆိုရမည်ဖြစ်သည်။

ဂျာမနီတွင် တက္ကသိုလ်ဝင်ခွင့်အရည်အချင်း (HZB) အတွက် ဆယ့်နှစ်နှစ်ကျောင်းပညာရေး လိုအပ်သည်။ ကာဇစ္စတန်ရှိ DSD ကျောင်းများမှ ဘွဲ့ရအများစုသည် ဆယ့်တစ်နှစ်သာ ကျောင်းတက်ခွင့်ရသောကြောင့် Studienkolleg  တက်မှသာ ဤကွာဟချက်ကို အောင်မြင်နိုင်သည်။ ဘွဲ့ရများသည် Studienkolleg ဝင်ခွင့်စာမေးပွဲအတွက် ဂျာမနီနိုင်ငံသို့ ပျံသန်းရောက်ရှိခဲ့ကြပြီး အချိန်ကောင်းတစ်ခုကိုကြိုးစားကျော်ဖြတ်နိုင်ခဲ့ကြသည်- နေရာ ၈၀ အတွက် လျှောက်ထားသူ ၅၀၀ ၊ များပြားသော ကျရှုံးမှုနှုန်း၊ နိုင်ငံခွဲတမ်းများနှင့် စောင့်ဆိုင်းစာရင်းများသည် ဂျာမနီ စာစစ်ဌာန၏ တစ်နေ့တာလုပ်ငန်းစဉ်များပင်ဖြစ်သည်။

DSD ကျောင်းမှလာသော ကျောင်းသားများအတွက် ဤကဲ့သို့သော အတွေ့အကြုံမျိုးကျော်လွှားရတာ ပုံမှန်ဖြစ်သည်။ DSD ကျောင်းသားများသည် DSD ဘာသာစကားဒီပလိုမာနှင့်အတူ DSD ပရိုဂရမ်တွင် ဒုတိယမြောက်ထူးခြားမှုဖြစ်သည့် လေ့လာမှုအစီအစဉ်ပါဝင်သည့်အတွက်လဲ နှစ်သက်ကြသည်။

 

ZfA သင်တန်း
 

နှစ်စဉ် မတ်လတွင် ဂျာမန်တက္ကသိုလ် ၁၀ ခုခန့်သည် ၎င်းတို့၏ ဝင်ခွင့်စာမေးပွဲ Offer များကို ကာဇက်စတန်သို့ ပေးပို့သည်။ စာမေးပွဲများကို ဂျာမန်နိုင်ငံပညာရေးဌာန၏ ကြီးကြပ်မှုအောက်ရှိ ကျောင်းများမှ ရေးမှတ်အကဲဖြတ်ကြသည်။ သတ်မှတ်ထားသော စံနှုန်းတစ်ခုအတွင်း အောင်မြင်သော စာမေးပွဲဖြေလွှာများကို လေးပတ်အကြာတွင် ကျောင်းသားများဆီသို့ဖိတ်ကြားချက်နှင့်တကွ Studienkolleg များသို့ပါ ပြန်လည်ပေးပို့ပေးသည်။

ကျောင်းသားများအတွက် လူကြိုက်များသောနေရာများမှာ Marburg၊ Darmstadt နှင့် Leipzig တို့ဖြစ်ကြသည်။

သို့သော် ဘာလင်မြို့တော် သို့မဟုတ် Köthen ကဲ့သို့သေးငယ်သောမြို့များလဲပါဝင်သည်။ ကာဇတ်ကျောင်းမှထွက်ခွာသူများသည် ဆေးပညာ၊ မီဒီယာလေ့လာမှု၊ စက်မှုအင်ဂျင်နီယာ၊ ဇီဝဓာတုဗေဒ သို့မဟုတ် စီးပွားရေးစီမံခန့်ခွဲမှုစသည့် ဘာသာရပ်များကို ဦးစားပေး၍ ဘာသာရပ်အားလုံးကို ဦးစားပေးလေ့လာကြသည်။

အောက်တိုဘာလအစတွင်၊ နိုင်ငံတကာတက္ကသိုလ်များပြပွဲကို Nur-Sultan တွင်စတင်ခဲ့ပြီး Almaty သို့ဆက်လက်သွားရောက်ကာ နိုင်ငံရှိအခြားနေရာလေးခုတွင်ရပ်နားခဲ့ကြသည်။ ဂျာမန်ကောလိပ်နှင့် တက္ကသိုလ် ၁၅ ခု သည် ကာဇက်စ္စတန်နိုင်ငံရှိ ပညာရေးကျောင်းများနှင့် ယခင်ထက်ပိုမို၍ မှတ်ပုံတင်ချိတ်ဆက်ထားနိုင်ပီဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သည် DSD ကျောင်းများတွင် ၎င်းတို့၏ တက္ကသိုလ်များနှင့် ချိတ်ဆက်ရန် တင်ပြဖို့ အခွင့်အရေးကို စောင့်ကြပြီး ကျောင်းသားများအား ပို၍ဆွဲဆောင်လာနေကြသည်။ အခြားတစ်ဖက်တွင်လည်း ကျောင်းသား ၈၀ သည် လာမည့် DSD 2 စာမေးပွဲအတွက် စာရင်းသွင်းထားပြီးဖြစ်သည့်အတွက် ယခင်နှစ်ကထက် ၃၅% ပိုများလာခဲ့ကြသည်။ 

Studienkolleg တွင် လေ့လာခြင်း၏ အကျိုးကျေးဇူးများ

 

🔹 ဂျာမန်စကားပြောပတ်ဝန်းကျင်တွင် နေထိုင်ပြီး လေ့လာခြင်း၊
🔹 တက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားရန် ပိုမိုလွယ်ကူစေမည့် ဂျာမန်ပညာရေးစနစ်ကို ကျင့်သုံးရန် အခွင့်အရေးရရှိခြင်း

Studienkolleg – စာရွက်စာတမ်းများတင်သွင်းခြင်း

 

Studienkolleg သို့ဝင်ရောက်ရန်အတွက်ရွေးချယ်စရာအားလုံးကိုအဓိကအမျိုးအစား ၃ ခုအဖြစ်ခွဲခြားနိုင်သည်။


♦️ uni-assist မှတဆင့်တင်ပြရမည်ဖြစ်သော Studienkolleg
 ၎င်းသည် အသုံးအများဆုံးရွေးချယ်မှုဖြစ်ပြီး မကြာခဏဆိုသလို uni-assist မှတစ်ဆင့် Studienkolleg သို့ လျှောက်ထားရမည်ဖြစ်သည်။ Studienkolleg နှင့်ပူးပေါင်းဆောင်ရွက်သောတက္ကသိုလ်များအနက် မိမိဝင်ရောက်လိုသောအထူးပြုများအတွက်လျှောက်လွှာကို ရေးသားရန်လိုအပ်လိမ့်မည်။ လျှောက်လွှာလုပ်တွင် Studienkolleg တွင် လေ့လာလိုကြောင်းညွှန်ပြရန်လိုအပ်လိမ့်မည်။ အခြားအရာအားလုံး bachelor’s degree နှင့်ဆင်တူလိမ့်မည်။


♦️ သက်ဆိုင်ရာ တက္ကသိုလ်များမှတဆင့် လျှောက်ထားရန် လိုအပ်သော Studienkolleg
 ဥပမာအားဖြင့်၊ Bavarian Studienkollegs နှစ်ခုသည် မြူးနစ် နှင့် ကိုဘတ် ပြည်နယ်တို့၏ အလုပ်ဖြစ်သည် ။ ဝင်ခွင့်အတွက် Studienkolleg မှဘွဲ့ရပြီးနောက် မိမိဝင်ရောက်လိုသောတက္ကသိုလ်၏လိပ်စာသို့ စာရွက်စာတမ်းများပေးပို့ရန်လိုအပ်လိမ့်မည်။ Studienkolleg တက်ရောက်နိုင်သည်ဖြစ်စေ မတက်နိုင်သည်ကို ဆုံးဖြတ်ပေးမည့် တက္ကသိုလ်ဖြစ်သည်။

♦️ တိုက်ရိုက်လျှောက်ထားနိုင်သည့် Studienkolleg
 အချို့သော Studienkollegs များသည် uni-assist နှင့် ဆက်စပ်တက္ကသိုလ်များကို ကျော်ဖြတ်ကာ တိုက်ရိုက်ဝင်ရောက်ရန်လိုအပ်သည်။ ဥပမာအနေနဲ့ Studienkolleg Bochum ဖြစ်သည်။ Bochum သို့ဝင်ခွင့်အတွက် သင်သည် Studienkolleg ဝဘ်ဆိုဒ်မှ ဖောင်ကို ဒေါင်းလုဒ်လုပ်ပြီး ဖြည့်စွက်ရန်သာ လိုအပ်မည်ဖြစ်ပြီး ၎င်းကို စာရွက်စာတမ်းများနှင့်အတူ ပေးပို့ရပါမည်

Studienkolleg သို့ဝင်ရောက်ရန် အခြေခံလိုအပ်သည့် စာရွက်စာတမ်းများ

 

✅ အောင်လက်မှတ်၏ ဘာသာပြန်ဆိုချက် Notary မိတ္တူနှင့် supplement to the certificates

✅ B2 အဆင့် ဂျာမန်ဘာသာစကား ကျွမ်းကျင်မှု အထောက်အထား မိတ္တူ

✅ Level B1 တွင် အင်္ဂလိပ်စာ ကျွမ်းကျင်မှု အထောက်အထား မိတ္တူ (စီးပွားရေး အထူးပြုအတွက်သာ)

✅ Lebenslauf (CV)

✅ နိုင်ငံကူးလက်မှတ်၏ ပထမစာမျက်နှာ

✅ တက္ကသိုလ်ဝဘ်ဆိုဒ်မှမေးခွန်းလွှာ (လူတိုင်းအတွက်မလိုအပ်ပါ)

✅ လိုအပ်ပါက uni-assist မှ ပုံနှိပ်ပြီး လက်မှတ်ရေးထိုးထားသော လျှောက်လွှာ

✅ လိုအပ်ပါက uni-assist ဝန်ဆောင်မှုများအတွက် ငွေပေးချေမှု ပြုလုပ်ထားရမည်

ဝင်ခွင့်အကြောင်း တတ်နိုင်သမျှ အသေးစိတ် ဖော်ပြထားပါတယ်။ မေးခွန်းများရှိရင်ဖြစ်စေ Studienkolleg တက်ရောက်ဖို့ အသေးစိတ်ဆွေးနွေးလိုသည်ဖြစ်စေ admin@germanyforstudy.com နှင့် orcakroo@gmail.com တို့ကို စာပို့ပီး စုံစမ်းနိုင်ပါတယ်

ပညာသင်ကြားဖို့ကြိုးစားနေကြသူတိုင်း အောင်မြင်ပါစေဖို့ ဆုတောင်းပါတယ်

အကြောင်းအရာအချို့ကို ကာဇက်စတန်အကြောင်း ရေးသားထားသော Von der Schule direkt zum Studienkolleg nach Deutschland – Deutsche Allgemeine Zeitung ကို မှီငြမ်းသည်

Buy Me a Coffee

More
articles